Pages

Pages

ဒေးဒရဲမြို့ရှိ ဖျာပုံ-ဒေးဒရဲ ( ၃၃) ကေဗွီလိုင်းရှိ ဓာတိတိုင်းကျိုးပဲ့ ပျက်စီးမှုအား ပြုပြင်လှဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်



MNP - အောက်တိုဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ရရှိရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည (၁၁) နာရီခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  တညင်ကုန်းကျေးရွာ အနီးတွင် သွယ်တန်းထားသော ဖျာပုံ-ဒေးဒရဲ (၃၃) ကေဗွီ ဓာတ်အားလိုင်းရှိ (10M) တိုင်တစ်တိုင် တိုင်ခြေမှ ကျိုးပဲ့ပျက်စီးမှု ဖြစ်ပွားခဲ့ရာ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်( ၃) ရပ်ကွက်နှင့် ကျေးရွာ(၁၄) ရွာတွင် လျှပ်စစ်ဓာတ်အားများ ယာယီပြတ်တောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါဓာတ်အားတိုင် ပြိုလဲပျက်စီးရာသို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးနိုင်ထက်လွင်နှင့် ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်ဓာတ်အား အချိန်တိုအတွင်း ပြန်လည်ရရှိရေး အစားထိုး ပြုပြင်လှဲလှယ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment