Pages

Pages

ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုပေးပွဲနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ ၆

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် ဟောပြောပွဲ၊ ဆုပေးပွဲနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီဝင်းက အဖွင့်အမှာစကားပြောကြားရာ နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက် သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် မြတ်ဆရာပူဇော်ပွဲများကို ကျင်းပရ ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဦးဦးခင်မောင် (တွဲဖက်ပါမောက္ခ)က ကမ္ဘာ့ ဆရာများနေ့  အထိမ်း အမှတ်အကြောင်းအရာများကို ကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ကျောင်းအုပ် ဆရာမကြီး ဒေါ်မီမီဝင်းနှင့် ဒုတိယကျောင်းအုပ်ဆရာမကြီး၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများက ဆုရရှိသူများအား အသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြပြီး ကျောက်ဖြူမြို့ရှိ အသက်(၆၅)နှစ်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြကာ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ(ကိုယ်စား) ဆရာကြီး ဦးထွန်းခိုင်မှ ကျေးဇူးတင်စကားနှင့် ဩဝါဒစကားပြန်လည် ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားကို ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဒုတိယကျောင်းအုပ် ဆရာမကြီး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ ဌာနမှူးများနှင့် သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment