MNP ၊ အောက်တိုဘာ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ မြို့မရပ်ကွက်ရှိ မဟာထီးဘုရားဝင်းအတွင်း/အပြင်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ကောင်းမှုကုသိုလ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မာန်အောင်မြို့ မဟာထီးဘုရားဝင်းအတွင်း/အပြင်ရှိ ချုံနွယ် ပိတ်ပေါင်း၊မြက်ပင်များ၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးပိုင်အမှိုက်ကားဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကာ ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများက မြို့သန့်ရှင်း သာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment