Pages

Pages

မာန်အောင်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်





MNP ၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ သွားရာ လမ်းတစ်လျှောက်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်‌ရှင်းရေးများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မာန်အောင်မြို့ အောက်ဆီဂျင်စက်ရုံသွားရာ လမ်းတစ်လျှောက်ရှိချုံနွယ်  ပိတ်ပေါင်းများ၊မြက်ပင်များ၊အမှိုက်များကိုသန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကိုမြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်ကားဖြင့်  စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment