Pages

Pages

မောင်တောမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်





မောင်တော ၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန် မြို့ဦးရွှေစည်းခုံ စေတီ တော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦး ဆောင် ၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ရပ်ကျေးစာရေးများ စုစုပေါင်းအင်အား ၁၀၀ ခန့်က မြို့ဦးရွှေစည်း ခုံစေတီ တော်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက်   စေတီတော် အ တွင်း ဘုရားရေချမ်းအိုးများလဲလှယ်ခြင်း ၊ ရင်ပြင် အနီး အနားရှိ အမှိုက်သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ် ထွင် ရှင်းလင်းခြင်း ၊  တံမြက်စည်းလှဲခြင်း ၊ ဘုရားစေတီ ပရဝဏ်အတွင်း / အပြင် များတွင် သန့်ရှင်း ရေး ပြုလုပ်ခြင်း များ ကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခြံဝင်းအတွင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှစ် ပတ် လည်နေ့ကို ကြိုဆိုသောအားဖြင့် ကြိုးဆွဲပွဲ ၊ ခြင်လုံးခတ်ခြင်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment