Pages

Pages

ဆိပ်ဖြူမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်များရေစိုလေ့ကျင့်ခန်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်

 



MNP - အောက်တိုဘာ ၂၆


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများအတွက် ရေစိုလေ့ကျင့်ခန်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ဆိပ်ဖြူမြို့နယ်မြို့မမီးသတ်စခန်း၌ ပြုလုပ်သည်။


အဆိုပါလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအေးမင်းမောင်ကကြီးကြပ်၍ ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်း၊ မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များအသုံးပြု၍ ရေစိုလေ့ကျင့်ခန်း မီးငြိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင်းခန်းများကို ပူးပေါင်းဆောင်ရွက်ကြသည်။


မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံပိုင်အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ် စည်းစိမ် ဥစ္စာများကို လူတို့ပေါ့ဆမှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့ကြောင့် ဖြစ်ပေါ်တတ်သော ထိခိုက်ပျက်စီးမှုများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည် ပြည့်ဝသော မီးသတ်တပ်ဖွဲ့ဝင်ကောင်းများဖြစ်စေရန် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့မမီးသတ်စခန်းမှူးက ပြောကြားသည်။ 


သတင်း - ကိုဇွဲ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment