Pages

Pages

အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ဆိုင်ရာအချက် အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး





MNP ၊ အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေး ကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းအား  တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က  ပျဉ်းတောကျေးရွာ  ၌ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီး ကြပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ထွေ‌ထွေအုပ်‌ ချုပ်ရေးဦးဌာနမှ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာ န မှ တာဝန်ရှိသူများက ပျဉ်းတောကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ စာရေးဝန် ထမ်း ပူးပေါင်းအဖွဲ့ဖြင့်  အခြေခံ လူဦး ရေစာရင်းအား မြေပြင်၌မှန်ကန်စေရေးအ တွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ် တက် တစ်အိမ်ဆင်း ကွင်းဆင်း၍တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်းသိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment