လပွတ္တာမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) ဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လပွတ္တာမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) ဆင်းပွဲ ကျင်းပ




MNP - အောက်တိုဘာ   ၈


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသည် အမျိုးသမီးငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရန်၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေး ဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားလျက် ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို အောက်တိုဘာလ(၇)ရက် နေ့လည်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် တက်ရောက်၍ သင်တန်းဆင်းမိန်ခွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရကျောင်းသူအား အပ်ချုပ်စက်တစ်စုံ ဆုချီးမြှင့်ခဲ့ပြီးအောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းကျောင်းအုပ်မှ သင်တန်းတွင်သင်ကြားခဲ့သော သင်ခန်းစာများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ လပွတ္တာမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၄)ကြိမ်အထိအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူစုစုပေါင်း (၁၆၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)