Pages

Pages

ကျောက်ဆည်မြို့နယ်တွင် မင်းရဲမြောင်း၌ ပျက်စီးနေသည့်ရေပြွန်(၆)လုံးအား သံကူကွန်ကူကရစ် ရေပေးပြွန်များဖြင့် ပြန်လည်ပြုပြင်ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ (၄၀၀)ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ပြီဖြစ်



MNP - အောက်တိုဘာ  ၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေ ပေးဝေရာနိုင်ရေး ပျက်စီးနေသည့်ရေပေးပြွန်များအား ပြန်လည် ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ မင်းရဲမြောင်း၌ ပျက်စီးနေသည့်ရေပြွန်(၆)လုံးအား သံကူကွန်ကရစ် ရေပေးပြွန်များဖြင့် အစားထိုး ပြန်လည်ပြုပြင် ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ(၄၀၀)ဧက အတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါပျက်စီးနေသည့်ရေပေးပြွန်များမှာ  သစ်ကြီးတန်းရပ်ကွက်နှင့်အင်တိုင်းကျေးရွာအနီးမှရေပြွန်များ ဖြစ်ပြီး ခွင့်ပြုငွေ(၃၀.၀၀၀)ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး အရှည်(၁၂)ပေ၊ အကျယ်(၆)လက်မ သံကူကွန်ကရစ် ရေပြွန်(၁)လုံးနှင့် အကျယ်(၉) လက်မ၊ သံကူကွန်ကရစ် ရေပြွန်(၅)လုံး စုစုပေါင်းရေပြွန်(၆)လုံးဖြစ်ကြောင်း၊ ရေပြွန်များ ရေရှည်ခိုင်မာ ရေးအတွက် ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်းနှင့် စိုက်ပျိုးရေများ လိုအပ်သည့် အချိန်တွင် လိုအပ်သလို ထိန်းညှိပေးနိုင်ရေး ရေထိန်းတံခါးများပါ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ရေပေးပြွန်များပြန်လည်ပြုပြင်ပေးခြင်းကြောင့် မင်းရဲမြောင်းမှ သီးနှံမျိုးစုံ (၄၀၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ထိန်းချုပ်ရေတံခါးများဖြင့် လွယ်ကူစွာအဖွင့်အပိတ် ပြုလုပ်ပေးနိုင်သောကြောင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment