Pages

Pages

ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွား



MNP - အောက်တိုဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊  ဇလွန်မြို့နယ်တွင် ယမန်နေ့နံနက် ၃ နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုလဲပျက်စီးခဲ့ကောင်း သိရသည်။


အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၄၀)လုံး ပြိုလဲပျက်စီးပြီး လူနေအိမ် (၇၃) လုံး အမိုးလန်၍ စုစုပေါင်းအိမ်ထောင်စု (၁၁၃) စု လေဘေးသင့်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ လေဘေးသင့်မှုကြောင့်ပြိုလဲနေအိမ်၊ အမိုးလန်ပျက်စီးနေအိမ် မိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်း၍ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment