Pages

Pages

ဂွမြို့တွင် အခြေခံစားသောက်ကုန်များအား ဒုတိယအကြိမ် ဈေးနှုန်းချိုသာစွာ ရောင်းချပေး






MNP ၊ အောက်တိုဘာ ၃                                           

ရခိုင်ပြည်နယ်၊ ဂွမြို့တွင်  ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍  ဒုတိယအကြိမ်အခြေခံစားသောက်ကုန်များအား ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်   ယနေ့နံနက် ၇ နာရီ အချိန်က  မြို့မရပ်ကွက်ရှိ စည်ပင်သာယာပန်းခြံရှေ့တွင်  လက်ရှိပေါက်ဈေးထက်လျော့၍ ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချပေးရာတွင် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂွမြို့နယ် အမှတ်၅၆၂ ခြေမြန်တပ်ရင်းနှင့် အမှတ်၅၆၃ ခြေမြန်တပ်ရင်းတို့မှ  တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မျိုးဇေယျာနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ  ပေါ်ဆန်းမွှေး ၁ပြည် ၂၅၀၀ကျပ်နှုန်း၊ ဧရာမင်းဆန် ၁ပြည် ၂၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ (၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ကြက်သားတစ်ပိဿာ၇၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ရွှေဖီဦး၊ နန်းမြိုင်၊ ပဲကြာဇံ၊ ငါးပိဘူး၊ ပဲခရမ်းချဉ်ကြီး၊ ပဲမျှစ်ဗူး၊ အမဲဘူးသေး၊ဘီစကစ်၊ပင်လယ်ပြာငံပြာရည် ဘူးကြီး/ဘူးသေး၊ မှော်ဘီ ခေါက်ဆွဲကြီး/သေး၊  ငါးသေတ္တာကြီး/သေး၊ ငါးသလောက်ပေါင်းဘူး၊ ငါးပိထောင်း၊သန့်စင်ဆပ်ပြာ၊ ချဉ်ပေါင်၊ ပဲပင်ပေါက်၊သင်္ဘောသီးနှင့် ကန်စွန်းရွက် များကို  ရပ်ကွက်နေပြည်သူများထံသို့ သက်သာသော ဈေးနှုန်းများဖြင့် ဒုတိယအကြိမ် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment