Pages

Pages

လှည်းကူးမြို့ အောင်မဂ္လလာရပ်ကွက်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

 



MNP - အောက်တိုဘာ  ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အောင်မဂ္လလာရပ်ကွက်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် (၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။          


ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြု ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။


ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင်လည်း ဆီတစ်ပိဿာလျှင် ငွေကျပ်(၄၁၅ဝ)နှုန်းဖြင့် ဆီပိဿာ (၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇၅)ဖြင့် ကြက်ဥအလုံး (၁၀ဝဝ)ကို ရောင်းချပေးပြီး ကျန်ရှိနေသော ရပ်ကွက်/ ကျေးရွာအုပ်စုများကိုလည်း အလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment