ဘုတ်ပြင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၂၂


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ဉာဏ်စမ်းဖြေဆိုပြိုင်ပွဲကို ယမန်နေ့ညနေက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲ အထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံများအား  ကျောင်းသား/သူများ သိရှိနိုင်ရေးအတွက် အကျယ် တဝင့် ရှင်းလင်းပြောကြားပေးပြီး ကလေးများအနေဖြင့်အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းမွန်သော ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများ လေ့လာမှတ်သားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ရာ  အထက-ဘုတ်ပြင်းကျောင်းမှ ကျောင်းသား ကျောင်းသူ (၃၃)ဦး စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ဆုရရှိသည့်ကျောင်းသားကျောင်းသူများကို  ဆုများ အသီးသီးပေးအပ်ခဲ့သည်။


ယင်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)