Pages

Pages

(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စစ်တွေမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း



MNP ၊ အောက်တိုဘာ ၂၃

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်း များ စုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။


 ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း အမျိုးသား/အမျိုးသမီး ၅၆ ဦးက ကျန်းမာရေး ဝန်ထမ်းများ၏ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ခံယူကာ သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment