Pages

Pages

မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး




MNP ၊  အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များအား ယနေ့  နံနက် ၈ နာရီ အချိန်  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး (တာဝန်) ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင်  ဦးဆောင်၍ တပ်ဖွဲ့ ဝင်များက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင် မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ် ထားသော စည်းကမ်းချက်များ နှင့် ကိုက်ညီမှု ရှိစေရေး၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံး ပြု မီးငြိမ်းသတ်တတ် စေရေး ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး ပညာ ပေး ဆိုင်းဘုတ်များ ထားရှိ စေရေး တို့ကို အကြုံ ပြု ကွင်းဆင်း စစ်ဆေးခဲ့ ကြကြောင်း သိရသည်။  


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment