Pages

Pages

ဂွမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သိကောင်းစရာ အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်ပြပွဲ ၊ ဓာတ်ပုံပြပွဲ ပြုလုပ်ဆောင်ရွက်






MNP ၊  အောက်တိုဘာ   ၁၈

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်ပြပွဲ ၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ 


 ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 


ထို့နောက် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများ၏ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များ  ခင်းကျင်းပြသဆောင်ရွက်ပေးထားမှုများကို  စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment