Pages

Pages

အမ်းမြို့၌ အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး





MNP ၊ အောက်တိုဘာ ၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ‌ရောင်း ချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) ဈေးရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်း ရွက်များအား သက် သာသောဈေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များအား အမ်းတပ်နယ်မှတာဝန်ရှိသူများက  အခြေခံစားသောက် ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊  ဒေသကြက်၊ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ် ၊ ကြက်ဥ၊  နွားနို့ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသ လောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိ ကြော်၊  ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်း ရွက်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအားရောင်ချပေးလျက်ရှိရာ  ဈေးဝယ်သူများဖြင့် စည်ကားလျက် ရှိကြောင်းသိရှိရသည်။                                  


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment