တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူရည်ချွန်ရွေးချယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူရည်ချွန်ရွေးချယ်ရေးလုပ်ငန်းများဆောင်ရွက်



MNP - အောက်တိုဘာ  ၂၅


တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေံပညာအထက်တန်းကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)များတွင် ကျောင်းတွင်း လူရည်ခွန်ရွေးချယ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက အဆိုပါအားကစားပြိုင်ကွင်း၌ ကျင်းပကြောင်းသိရသည်။


အဆိုပါ လူရည်ချွန်ရွေးချယ်ရေးအတွက် ကျောင်းအဆင့်၊ မြို့နယ်အဆင့်အတွက် ကျောင်းသား/သူများအနေဖြင့် ရေးဖြေ၊ နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကို စနစ်တကျ မှန်ကန်စွာစိစစ်ရေးချယ်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် လူချွန်ပြိုင်ပွဲတွင် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သင်္ချာဘာသာနှင့် အထွေထွေဗဟုသုတစာများကို ဖြေဆိုရမည့်အပြင် အားကစားပြိုင်ပွဲများဖြစ်သည့် အိပ်ထမတင်၊ ရပ်လျက်အလျားခုန်၊ မီတာ(၄၀၀)အပြေးအတွက် ကျောင်းသူများ၊ မီတာ(၈၀၀)အပြေးအတွက် ကျောင်းသားများ၊ လက်ထောက်တွန်းတင်အားကစားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သူငယ်တော်ကျေးရွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။


မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကို ၂၀၂၂-ခုနှစ်၊ နိုင်ဝင်ဘာလတွင် ယှဉ်ပြိုင်ရမည်ဖြစ်ဖြစ်ပြီး ရေးဖြေစာမေးပွဲတွင် ပေးမှတ်(၃၀၀)၊ အားကစားပြိုင်ပွဲအတွက် ပေးမှ(၅၀)၊ လူတွေ့နှုတ်ဖြေအတွက် ပေးမှတ်(၅၀)၊ စုစုပေါင်းပေးမှတ်(၄၀၀)ဖိုးကို ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် အထက်းတန်း၊ အထက်တန်းကျောင်(ခွဲ)၊ အလယ်တန်း၊ အလယ်တန်းကျောင်း(ခွဲ)များမှ ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦး စုစုပေါင်း(၂)ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)