Pages

Pages

ရေဖြူမြို့နယ် ပညာရေးဝန်ထမ်းများမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် သက်ပြည့် အငြိမ်းစား ဆရာ/မ များအား ပူဇော်ကန်တော့




MNP - အောက်တိုဘာ   ၇


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ရေဖြူမြို့နယ်ပညာရေးဝန်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေဖြင့် သက်ပြည့်အငြိမ်းစား ဆရာ၊ ဆရာမများအား အခမ်းအနားဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် ပညာရေးဌာန ဆရာ၊ဆရာမများမှ  စေတနာ၊ အနစ်နာ၊ ဝါသနာဆိုသည့် "နာသုံးနာ" ကိုအခြေပြု၍ ဘဝခရီးလမ်းတစ်လျှောက် အသုံးပြုရမည့် အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်တက်မြောက်အောင် သင်ကြားပေးခဲ့ကြသည့် မိမိတို့၏ လက်ဦးဆရာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ရေဖြူမြို့နယ်အတွင်းရှိ သက်ပြည့်အငြိမ်းစား ဆရာ၊ ဆရာမ (၄၂) ဦးတို့အား စုစုပေါင်းငွေ (၁,၀၅၀,၀၀၀/) ကျပ်တစ်ဆယ့်သိန်းငါးသောင်းကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment