Pages

Pages

မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ





MNP ၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ် မာန်အောင် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ(၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

 အဆိုပါ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲတွင် သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒနှင့် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင် များက ပူဇော်ကန်တော့၍ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment