ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၂၁၁)ဧကအတွက် စိုက်ပျိုးရေပေဝေနေသည့် သင်းတွဲမြောင်းမှ ပျက်စီးနေသည့်ရေပြွန်(၅)လုံးအား သံကူကွန်ကူကရစ်ရေပေးပြွန်များဖြင့် ပြန်လည်ပြုပြင်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၂၁၁)ဧကအတွက် စိုက်ပျိုးရေပေဝေနေသည့် သင်းတွဲမြောင်းမှ ပျက်စီးနေသည့်ရေပြွန်(၅)လုံးအား သံကူကွန်ကူကရစ်ရေပေးပြွန်များဖြင့် ပြန်လည်ပြုပြင်ပေး

 


MNP - အောက်တိုဘာ  ၁၇


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှစိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေနိုင်ရေး ရေကျအဆောက်အဦးများနှင့် ပျက်စီးနေသည့် ရေပြွန် များအား ပြန်လည်ပြုပြင်ပေးခြင်း၊ မြောင်းကြမ်းပြင်များတွင် ပို့ကျလျက်ရှိသော သဲနန်းများအား တူးဖော်ဆယ်ယူပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် မင်းရဲရေမြောင်း၌ ပျက် စီးနေသည့်ရေပြွန်(၅)လုံးအား သံကူကွန်ကရစ် ရေပေးပြွန်များဖြင့် အစားထိုး ပြန်လည်ပြုပြင်ပေးပြီးဖြစ်၍ သီးနှံမျိုးစုံ(၂၁၁)ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါပျက်စီးနေသည့်ရေပေးပြွန်များမှာ  ပြည်တော်သာကျေးရွာနှင့် ပေါင်လောင်ကျေးရွာအနီး၊ ပေတိုင်အမှတ် အာဒီ(၉+၈၀၀)နှင့် (၁၂+ ၇၀၀)အကြားရှိ ရေပြွန်များဖြစ်ပြီး ခွင့်ပြုငွေ(၃၅.၀၀၀)ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး အရှည်(၁၂)ပေ၊ အကျယ် (၆)လက်မ သံကူကွန်ကရစ် ရေပြွန်(၅)လုံး ဖြစ်ကြောင်း၊ ရေပြွန်များ ရေရှည်ခိုင်မာရေးအတွက် ရေပြွန်ထိပ် နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်းနှင့် စိုက်ပျိုးရေများ လိုအပ်သည့်အချိန်တွင် လိုအပ်သလို ထိန်းညှိပေးနိုင်ရေး ရေထိန်းတံခါးများပါ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ရေပေးပြွန်များပြန်လည်ပြုပြင်ပေးခြင်းကြောင့် သင်းတွဲမြောင်းမှ သီးနှံမျိုးစုံ (၂၁၁)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ထိန်းချုပ်ရေတံခါးများဖြင့် လွယ်ကူစွာ အဖွင့်အပိတ် ပြုလုပ်ပေးနိုင်သောကြောင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)