Pages

Pages

ညောင်ဦးလေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ်အဝင်လမ်းမကြီး ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအားကွင်းဆင်းစစ်ဆေး




MNP - အောက်တိုဘာ  ၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ်သို့ သွားရာလမ်းမကြီး ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ညောင်ဦးလေဆိပ်လမ်းဆုံမှ ပုဂံမြို့သစ်သို့အဝင်လမ်း လမ်းသစ် ၂ မိုင် ၄ဖာ လုံ၊ ချောက်-စဉ့်ကူ- ပုဂံလမ်း ၁ မိုင် ၂ ဖာလုံလမ်းပိုင်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်းဖြင့်) ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ညောင်ဦးမြို့အဝင်တွင်  ကတ္တရာ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်း၊ 40 Ton Plant (၁)စီး၊ 45 Ton Plant (၁)စီး၊ Paver ခင်းစက် (၂)စီး၊ Tandem Roller (၂)စီး၊ Tyre Roller (၂)စီး၊ Dump Truik (12)စီး ၊Waterv Bowzer (၂)စီး စသည့် စက် ၊ ယာဉ်၊ ယန္တရားတို့ဖြင့် ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်စီမံအဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးရာ ညောင်ဦးမြို့နယ်၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးစိုးဇေယျာမင်းမှ ကတ္တရာကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားကာ  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ မှာကြားခဲ့ကြောင်းသိရပြီး ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား လုပ်သားအင်အား (၁၀၀) ဦးဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း လမ်းဦးစီးဌာနမှ  ဦးစိုးဇေယျာမင်း ဦးစီးအရာရှိ(မြို့ပြ) ကပြောကြား၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment