Pages

Pages

မအီမြို့တွင် အခြေခံပညာကျောင်းများ၌ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်








MNP ၊ အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝေကျေးရွာ အ ထ က(ခွဲ)နှင့် သိမ်ကျောင်းပြင်ကျေးရွာ အ ထ က(ခွဲ) ကျောင်းတို့တွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ(၂၁)ရက် ယမန်နေ့က ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက စီစဉ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဝမ်ထမ်းများဖြင့် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မအီမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။ 


ထို့နောက်  ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသည့်ရွာသူရွာသားများအား အခြားကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခြင်းများကို အဆိုပါကျန်းမာရေးဝန်ထမ်းများက တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment