အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ  ၁၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများစားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သာဂရကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာမြင့်က မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့်တောင်သူ(၃၅)ဦးအတွက် နေကြာမျိုးစေ့ပေးအပ်ခြင်း၊ အခြားသီးနှံစိုက်ပျိုးမည့်တောင်သူ(၃၅)ဦးနှင့် နေကြာစိုက်တောင်သူတို့အား ရန်ပုံငွေကျပ်သိန်း ၁၀၀ ထုတ်ချေးခြင်းကို တောင်သူများထံသို့တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့သည်။


အဆိုပါမြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာမြင့်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။


အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေဖြင့် ကျပ်သိန်း ၇၀၀ အား ကျေးရွာ ၅ ရွာလျာထားကြောင်း၊ ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ ၄ ရွာ၊ ငွေကျပ်သိန်း ၃၀၀ ဖြင့် ကျေးရွာ ၁ ရွာ လျာထားဆောင်ရွက်ရှိပြီး ယခုအခါငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ(၄) ရွာထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)