Pages

Pages

လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၄၄၀၀ ကျပ်ဖြင့်ရောင်းချပေး

 



MNP - အောက်တိုဘာ  ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ(၁) ပိဿာလျှင် ၄၄၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်(၁၀)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် စားသုံးသူပြည်များမှာ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် လက်လီလက်ကားလာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း၊ စားသုံးသူမိဘပြည်သူများ ပြေလည်စေရန်ရည်ရွယ်၍ လာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment