Pages

Pages

ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်





ကျောက်ဖြူ  အောက်တိုဘာ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်းပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ဟောပြောပွဲတွင် ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိရန် အတွက် စာပေကိုလေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို သက် ဆိုင်ရာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့် တိုင်းတာလေ့ရှိကြောင်း၊  အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာဖြင့် သုတ၊ ရသစာပေများကိုလည်း လေ့လာဖတ်ရှုကြစေလိုကြောင်း၊ အဆိုပါ သုတ၊ရသ စာအုပ်များကို အခြားနေရာများတွင် သွားရောက်၍ရှာစရာမလိုဘဲ မိမိတို့၏ ပြည်သူ့စာကြည့် တိုက်တွင် အခမဲ့လာရောက်ငှါးရမ်းဖတ်ရှုနိုင်ပါကြေင်း စသဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ‌ဟောပြောခဲ့ သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကိုဗစ်-၁၉ ‌ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ခင်းကျင်းပြသ ထားရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး ဒုတိယ ဦးစီးမှူး ဒေါ်ခင်မာအောင်က ကျောင်းသား၊ကျောင်းသူများ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment