ကရသူရိမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်/ နေထိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရသူရိမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်/ နေထိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

 



MNP - အောက်တိုဘာ  ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်/ နေထိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ မွန်းလွဲ (၁၂) နာရီက ပြသပေးခဲ့ကြောင်းသိရသည်။


ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ဖြစ်စေပြီး နေထိုင်မကောင်းခြင်း၊ နှာခေါင်း၊ လည်ချောင်း၊ လေအဝင်အထွက်လမ်းကြောင်းမှတစ်ဆင့် အလွယ်တကူကူးစက်လွယ်သည့် ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နေထိုင်နိုင်ရေး ပညာပေး ပြသခြင်းဖြစ်ကြောင်း အဆိုပါပြဘုတ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးစနစ်တကျ လက်ဆေးပေး၊ ဆပ်ပြာနှင့်ရေကို အသုံးပြုပြီး  စက္ကန့် (၂၀) ကြာအောင် လက်ဆေးဖို့ ဘာကြောင့်လိုအပ်တာလဲ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါစသည့် ကျန်းမာရေဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာစောင် များကိုပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြ ကြောင်းသိရသည်။



မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)