Pages

Pages

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - အောက်တိုဘာ  ၂၂


ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)အချိန်ခန့်က ဘားအံမြို့ တော်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)  ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ဟောပြောပွဲတွင် တော်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ  တာဝန်ခံကျောင်းအုပ် ဆရာမကြီးဒေါ်ခင်အေးချိုကက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ  ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်နှင့်တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးမင်းသန့်ဇင်က အားကစားနှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩသျှာဖောက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။


ထို့နောက် ခရိုင်နှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ‌ ကျောင်းအုပ်ဆရာမကြီးလက်ခံရယူခဲ့ကြောင်းသိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment