ကျောက်တံခါးမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၈


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅) ကြောင်းနှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဟာရီးကျေးရွာအုပ်စု၊  ဟာရီးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းသည် ဟာရီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ(၉၅)ဦးနှင့်တွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား  အသိပညာ‌ပေးဟောပြောခဲ့ကြသည်။


ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များမေမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။


ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်းက ဒေသခံပြည်သူ(၅)ဦးအား ဆေးကုသပေးပြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဒေသခံပြည်သူ(၂၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)