Pages

Pages

နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား



MNP - အောက်တိုဘာ   ၇


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အမှတ်(၃)ရပ်ကွက်၊ ရာစု(၅) ရွှေစင်လမ်းရှိ  လူနေအိမ်တစ်ခုတွင် ယနေ့နေ့လည် ၁၀ နာရီ ၄၀ မိနစ် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၂) စီးနှင့် စက်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၁ နာရီ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် အလျား (၃၀)ပေ x အနံ(၂၀) ပေ ရှိ သွပ်မိုး ၊ အုတ်ကာ၊ တစ်ထပ် အဆောက်အဦ (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရပြီး မီးစတင်လောင်ကျွမ်းမှု အကြောင်းအရင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment