တည်ငြိမ်အေးချမ်းကို လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြည့်ဝတော့လေမလား။ အခုရက်ပိုင်းအတွင်း KIA ကို နှိမ်နင်းသလို PDF အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းမှုတွေလည်း ဆက်တိုက်ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ တပ်မတော်က တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ္တထိန်းချုပ်ထားတဲ့ ကာလအတွင်းမှာ NLD အစွန်းရောက်များ ဦးဆောင်တဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့အတူ ပူးပေါင်းပြီး ဆူပူအကြမ်းဖက်၊ ဖောက်ခွဲဖျက်ဆီး၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တပ်မတော်ရဲ့ ကိုင်တွယ်ပုံဟာ အလွန်အမင်း ပျော့ညံ့တယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ကျိုက်ထီးရိုးဘုရားဖူးများကို KNLA တပ်မဟာ(၁)နဲ့ PDF အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်မှုက စလို့ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုဟာလည်း အရှိန်မြင့်တက်လာခဲ့ပါတယ်။ CRPH, NUG အကြမ်းဖက်အဖွဲ့များမှ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှုတွေနဲ့ KNU, KIA, PDF အကြမ်းဖက်လှုပ်ရှားသူများဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ယုတ်မာရိုင်းစိုင်းသတ်ဖြတ်တဲ့ လုပ်ရပ်တွေကို တိုက်ပွဲလို့ ခေါင်းစဉ်တပ်ပြီး လုပ်ဆောင်လာကြခဲ့ပါတယ်။
ကျိုက်ထီးရိုးဘုရားဖူးများကို ပစ်ခတ်သတ်ဖြတ်မှု၊ စစ်ကိုင်းမှာ ဆရာတော်တစ်ပါးကို ခေါင်းဖြတ်သတ်ဖြတ်မှု၊ မိုးကောင်းမှာ ဆရာတော်တစ်ပါးကို လုပ်ကြံသတ်ဖြတ်မှု၊ အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာဌာနကို ဖောက်ခွဲတိုက်ခိုက်မှု၊ တပ်မတော်သားမိသားစုဝင် ၃ဦးကို လုပ်ကြံသတ်ဖြတ်မှု၊ အုပ်ချုပ်ရေးမှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု၊ ကော့ကရိတ်မှာ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု အစရှိတဲ့ လုပ်ရပ်တွေ နေ့စဉ်ရက်စက် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဖြစ်ရပ်တွေ ကြားသိရတဲ့အပေါ်မှာ ပြည်သူတစ်ရပ်လုံး နှလုံးစိတ်ဝမ်း မအေးချမ်းရသလို တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့ သက်ကြီးရွယ်အို ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အလွန်အမင်း ဝမ်းနည်းကြေကွဲကြရတယ်လို့ သတင်းစကားတွေ ကြားသိရပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုအပေါ် နှိမ်နင်းဆောင်ရွက်မှုအပိုင်းကို ပြင်းပြင်းထန်ထန် ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တီးတိုးစကားသံအနေနဲ့ ဗိုလ်ချုပ်မှူးကြီးက မလုပ်ရဲတာ ဘာမှမရှိဘူးလို့ သာ ပြောခဲ့တာ၊ လုပ်ရဲတာလည်း ဘာမှမရှိဘူးလား မသိဘူးဆိုတဲ့ စကားသံတွေလည်း ကြားသိလာရပါတယ်။
၂၃ - ၁၀ - ၂၀၂၂ ရက်နေ့က KIA တပ်မဟာ (၉) ကို နှိမ်နင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ အကြမ်းဖက်လှုံ့ဆော် ပြည်ဖျက်မီဒီယာတွေမှာ လုပ်ကြံဖန်တီး ရေးသားမှုတွေလည်း ဝေဝေဆာဆာ ဖြစ်လာခဲ့ပါတယ်။ ကြားသိရတဲ့ သတင်းများအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ နှိမ်နင်းဆောင်ရွက်နေမှု အခြေအနေကလည်း အားရစရာ ဖြစ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ယနေ့ည သတင်းထုတ်ပြန်ချက်မှာ NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသူ ၂၆ဦးကို ကွန်မန်ဒိုအဖွဲ့က ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ တပ်မတော်က အရှိန်မြှင့်တင်လှုပ်ရှားလာတာနဲ့အမျှ PDF ဆိုတာ အမြှီးတောင် မြင်ရတော့မှာ မဟုတ်ပါဘူး။
နိုင်ငံတော်အကြီးအကဲများက ကိုယ့်နိုင်ငံသားများအပေါ် ကျောသားရင်းသား မခွဲခြားဘဲ ထောက်ထားစာနာတာကို အခွင့်ကောင်း ယူပြီး ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှုတွေကို နားယောင်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို အလွန်အကြူး လုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်းအတွေဟာ အသိတရားနဲ့ ဆင်ခြင်လာတာမျိုး မရှိပါဘူး။ အသိတရားရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေကို တပ်မတော်အနေနဲ့ အရေးယူဆောင်ရွက်မှု မရှိတဲ့အပြင် ထောက်ပံ့ကြေးငွေပါ ပေးပြီး မိဘအုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ကြပါတယ်။ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မှိုင်းမိနေသူတွေကတော့ လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ရတာကို အရသာတွေ့ပြီး ရုန်းမထွက်နိုင်ခဲ့ကြပါဘူး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူများလမ်းမှား မရောက်စေဖို့ အမှား၊ အမှန်ကို ဆင်ခြင်တိုင်းထွာနိုင်စေဖို့မဲလိမ် မဲခိုးမှုတွေက စပြီး လုပ်ငန်းစဉ်တိုင်းကို ပွင့်လင်းမြင်သာစွာ ချပြပေးခဲ့ပါတယ်။ NLD ဦးဆောင်သူတွေက သတင်းအမှောင်ချပြီး နီပိန်းတွေကို တစ်ပတ်ပိတ် မှိုင်းတိုက်ပြီး အကြမ်းဖက်လမ်းစဉ်ပေါ်တွန်းပို့ပါတယ်။ နစက အနေနဲ့ နီပိန်းတွေ လမ်းပေါ်ထွက်လာကြတော့လည်း ဒီမိုကရေစီအရ လွတ်လပ်စွာ ဆန္ဒပြခွင့်ပေးခဲ့ပါတယ်။ နီပိန်းတွေက ဆန္ဒပြတဲ့အဆင့်မှာ ရပ်တန့်သွားခြင်း မရှိဘဲ အကြမ်းဖက်လမ်းစဉ်ပေါ်ကို ရောက်လာပါတယ်။ အကြမ်းဖက်လမ်းစဉ်ပေါ်ကို ရောက်လာသည့်တိုင်အောင်လည်း နစက အနေနဲ့ အနည်းဆုံးအင်အားနဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလို နစက ရဲ့ သဘောထားကြီးမှုအပေါ်မှာ KNU, KIA, KNLA နဲ့ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းများဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ဒလန်၊ ပျူစောထီး၊ စစ်ခွေး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို တိုက်ပွဲလို့ ခေါင်းစဉ်တပ်ပြီး အခုအခါ မှာ ရန်ပုံငွေရှာဖွေမှုတွေ ထပ်မံလုပ်ဆောင်လာကြပြန်ပါပြီ။
သဘောအားဖြင့် ပိုးဖလံမျိုး မီးပုံတိုး ဆိုသလို NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး လှုံ့ဆော်မှုတွေကိုသာ အဟုတ်ကြီးထင်ပြီး KNU, KIA, KNLA, PDF တို့ဟာ မီးပုံထဲ ဆက်တိုးကြမယ့် သဘောကိုသာ တွေ့မြင်ရပါတယ်။ ဆင်ကန်းတောတိုး ရက်စက်ယုတ်မာမှုရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ထပ်ပြီး ကျူးလွန်နေကြအုံးမှာပဲ ဆိုတာကို ရက်သတ္တပတ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေက သက်သေခံနေပါတယ်။
NUG, CRPH တို့ရဲ့ သြဇာခံ PDF နဲ့ ပူးပေါင်းပြီး လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ သတင်းဆိုးတွေ ကြားရတိုင်း တပ်မတော်အနေနဲ့ ဘာကြောင့်မရှင်းလင်းတာလဲဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်မေးပြီး ကိုယ်တိုင် အဖြေထုတ်နေမိပါတယ်။ နောက်ဆုံး စဉ်းစားမိတာက PDF က ရက်စက်ယုတ်မာတော့လည်း ကိုယ့်ပြည်သူတွေပဲ ဆုံးရှုံးရတာ။ PDF ကို ပြန်နှိမ်နင်းပြန်တော့လည်း ကိုယ့်ပြည်သူတွေပဲ ဆုံးရှုံးရမှာ။ ခေါင်းဆောင်ကြီးများရဲ့ သဘောထားကြီးမှုက မမှားဘူး။ စာရေးသူအနေနဲ့ ခေါင်းဆောင်တွေကို ပြစ်တင်ဝေဖန် ပြောဆိုနေမယ့်အစား ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေကြတဲ့ PDF အကြမ်းဖက်သမားများကို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ မကြူးလွန်ကြတော့ဖို့ မေတ္တာရပ်ခံစာတွေ ဆက်တိုက်ဆိုသလို ရေးသားဖော်ပြခဲ့ပါတယ်။ ဆင်ကန်းတောတိုး မိုက်မဲနေတဲ့သူတွေက အသိတရားရမလာဘူး။
နစကရဲ့ သက်တမ်းဟာလည်း ၃လတောင် မကျန်တော့ပါဘူး။ တိုင်းပြည်ကို ဒီအခြေအနေအတိုင်း ပြန်လည်လွှဲအပ်ပေးဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တပ်မတော်ကို စတင်ပြီး တာဝန်လွှဲပြောင်းပေးအပ်စဉ်ကတည်းက တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရမယ့် တာဝန်က ပါရှိသား ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေကို ဒီထက်ပိုပြီး အခွင့်အရေးမပေးတော့ဘူးဆိုတဲ့ အခြေအနေကို မြင်တွေ့လာရပါတယ်။
တစ်နှစ်ကျော်ကြာ ကာလ အားမလိုအားမရ ဖြစ်နေကြတဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများရဲ့ လိုအင်ဆန္ဒကို စတင်ဖြည့်ဆည်းပေးသလို ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ကျူးလွန်ဖို့ အခွင့်မသာတော့တဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို ပြာယာခတ်စေခဲ့ပါတယ်။
အကြမ်းဖက် နှိမ်နင်းရေးက အခုမှ စတင်လုပ်ဆောင်တာပါ။ တည်ငြိမ်အေးချမ်းရေးအတွက် နစက ရဲ့ ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေက အခုရက်ပိုင်းအတွင်းမှ မြင်ရတာပါ။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စကားကို အခုမှ သက်သေပြတာပါ။ အကြမ်းဖက်လှုပ်ရှားသူများအနေနဲ့လည်း မိမိတို့အနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်ပေါင်း (၄၀၀၀) ဝန်းကျင်အထိ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ပါ။ အမှား, အမှန်၊ အကြောင်း, အကျိုးကို ဆက်စပ် နှိုင်းယှဉ်စဉ်းစားကြဖို့ လိုပါတယ်။ မိမိတို့ကို အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းပို့ခဲ့တဲ့သူတွေ မိသားစုတွေနဲ့အတူ ဘာကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင် သွားကြတာလဲ။ သူတို့ကိုယ်တိုင် တော်လှန်ရေးမှာ မပါဝင်ဘဲ အပြစ်မဲ့ ရဟန်းရှင်လူများကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ ဘာကြောင့် လှုံ့ဆော်နေကြတာလဲ။ အကြမ်းဖက်လမ်းစဉ်ကို ဘယ်လို ပြည်သူမျိုးက ထောက်ခံမှာလဲ။ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှုနောက်မှာ ကိုယ်ကျိုးမနည်းမီ အသိဝင်ကြပါစေတော့။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment