Pages

Pages

ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကဗျာရွတ် ပြိုင်ပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ ၆

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယမန်နေ့က ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌“ တို့ဆရာ” ခေါင်းစဉ်ဖြင့် ကဗျာရွတ် ပြိုင်ပွဲကျင်းပသည်။

အခမ်းအနားတွင်‌  ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က  ကဗျာ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ သီးသီး  ပေးအပ်ချီးမြှင့်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment