Pages

Pages

ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေးစီစဉ်ထားရှိမှု အခြေအနေများအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

 



MNP - အောက်တိုဘာ  ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေး စီစဉ်ထားရှိမှု အခြေအနေများအား ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံပညာ ကျောင်းအားလုံးအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့လိုက်လံ ကြည့်ရှုစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အခြေခံပညာကျောင်းများတွင် မီးကြိုး သွယ်တန်းထားရှိမှုများ၊ မီးပလပ်ခုံများနှင့် main ခုံ တပ်ဆင်ထားရှိမှုများနှင့် ကွန်ပျူတာခန်း၊ လက်တွေ့သိပ္ပံခန်းနှင့် စာကြည့်တိုက်များတွင် အရေးပေါ်သုံးစွဲနိုင်စေရန် မီးသတ်ဆေးဘူးများ ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment