Pages

Pages

ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်




MNP ၊ အောက်တိုဘာလ  ၁၇

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်းရှိ ဈေး ဆိုင်ခန်းများ မီးဘေးလုံခြုံရေးကို ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးထွန်းထွန်းလင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးမှုများ ပြုလုပ် ခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှုး ဦးထွန်းထွန်းလင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊မြို့ နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးမှတာဝန်ရှိသူများ ၊မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် မင်္ဂလာဈေးအတွင်းရှိ ဆိုင်ခန်းများအတွင်း ဝါယာကြိုးများ ၊မီးခလုတ်များ ကောင်းမွန်မှုအခြေအနေ၊  မီးသတ်ဆေးဗဘူး များ သုံးစွဲမှု ရှိ/မရှိ ၊အသုံးပြု၍မရသော မီးသတ်ဆေးဗဘူးများအား ပြန်လည် ဖြည့်ဆည်းထားကြရန်၊ လိုအပ်သော မီးချိတ်၊ မီးကပ် ရေပုံးများကိုလည်း အဆင်သင့်ထားရှိကြရန် အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ကြရန် နှင့် ဈေး အတွင်းမီးငြိမ်းသတ်ရာတွင် လိုအပ်သည့်ရေများ အလွယ်တကူရရှိ နိုင်ရေး အဆင်သင့်ဆောင်ရွက်ထားရှိမှု အခြေအနေများ  စသည့်လိုအပ် ချက်များကို  စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ဇာနည်

https://t.me/MyanmarNationalPost

No comments:

Post a Comment