ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး (ဧက ၁၀၀) စံပြကွက်ရိတ်သိမ်း‌မှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး (ဧက ၁၀၀) စံပြကွက်ရိတ်သိမ်း‌မှုအား ကြည့်ရှုအားပေး



MNP - အောက်တိုဘာ  ၃၁


ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် ဆင်းသုခ (ဧက ၁၀၀) စံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွှဲ (၃)နာရီအချိန်က ဆီဆုံကုန်းကျေးရွာအုပ်စု တောင်သူ ဦးနိုင်ဝင်းဆွေ စိုက်ပျိုးထားသည့် ကွင်းအမှတ် (၈၉၄-က) ၊ ဦးပိုင်အမှတ် (၃၂/၄)ရာသီ စပါးဆင်းသုခကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအခြောက် အထွက်နှုန်း (၁၀၇)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။


အဆိုပါမိုးစပါး စံပြကွက်ရိတ်သိမ်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်စေရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားစေရေး၊ သီးနှံများ ဈေးကောင်းရရှိရေးကိုလည်း အကောင်အထည်ဖော် ကူညီဆောင်ရွက်ပေး‌လျက်ရှိကြောင်း သတင်းရရှိပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)