လမ်းမတော်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လမ်းမတော်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်း အုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၉ နာရီက လမ်းမတော်မြို့နယ်၊ ပညာရေးမှူးရုံးခန်းမ၌ ကျင်းပသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ လမ်းမတော်မြို့နယ် ပညာရေးမှူး ဒေါ်ခင်ချောခိုင်က သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှု အရည်အသွေးများ တိုးတက်ကောင်းမွန်ပြီး၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ပါ‌ကြောင်း ‌ခေါင်းဆောင် မှုတာဝန်ယူထားရသော ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန့်ခွဲမှုသည် အလွန်ပင်အရေးကြီးပြီး၊ ယုံကြည်ချက်၊ ခံယူချက်တို့ မှန်ကန်စွာဖြင့် တာဝန်နှင့်စည်းကမ်းများကို လေးစားလိုက်နာကာ ဆရာ့ကျင့်ဝတ်နှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကြီးကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့‌‌ ကျောက်တံတားခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ စုစုပေါင်း( ၆)ဦး၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှ (၆)ဦးတို့ တက်ရောက်ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ဆန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)