Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၇၀)နှစ် နှင့်အထက် (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ   ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၇၀)နှစ်နှင့်အထက်(အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီးများအား  မြတ် ဆရာ ပူဇော် ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း အစည်း အဝေးခန်းမတွင် ကျင်းပရာ မောင်တော မြို့နယ်အတွင်း တာဝန်ထမ်း ဆောင်ခဲ့ကြသည့် အငြိမ်းစား ဆရာ၊ ဆရာမ ကြီး များ တက်ရောက် ကန်တော့ခံ ခဲ့ကြသည်။ 

ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲကို  ပဉ္စဂုဏံ အဟံဝန္တာမိ ၊ အာစရိယဂုဏံ အဟံဝန္တာမိ (၃)ကြိမ်ရွက်ဆိုကာ အခမ်း အနားအား ဖွင့်လှစ်ပြီး   “မြတ်ဆရာ” သီချင်းဖြင့် ဆရာ/မ များက  ပူဇော်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် တက်ရောက် လာ သော ဆရာ၊ဆရာမ များက မြတ်ဆရာ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး  အပူဇော်ခံ အသက်(၇၀)  နှစ်နှင့် အ ထက် (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီး (၂၁)ဦးအား  လက်ဆောင်ပစ္စည်းများ နှင့် ပူဇော်ကန့်တော့လှူဒါန်းငွေ စုစုပေါင်း  ၁၄ သိန်း ၇ သောင်းတိတိအား အသီးသီး ပူဇော်ကန့်တော့ခဲ့ကြသည်။ ယင်းနောက်အပူဇော်ခံ ဆရာ/မကြီး များထဲမှ ဆရာကြီး ဦးမောင်အုန်းကြည် ဆုံးမ ဩဝါဒ  အမှတ် တရ စကားပြောကြားပြီး ဆရာ/မ များက “မြတ်ဆရာ”သီချင်း သီဆိုကာ အခမ်း အနား အား ရုတ်သိမ်းခဲ့ကြသည်။

အခမ်းအနားသို့ မတက်ရောက်နိုင်ကြသော အပူဇော်ခံ အသက်(၇၀)  နှစ်နှင့် အထက် (အငြိမ်းစား) ဆရာကြီး ၊ဆရာမ ကြီးများကိုလည်း နေအိမ်အရောက် ဝတ္တူ ပစ္စည်းများ နှင့် ပူ‌ဇော်ကန်တော့ ငွေများကိုလည်း ဆက်လက် ကန် တော့သွား မည်ဖြစ်ကြောင်း နှင့် “ ဆရာ/ဆရာမ များ ဟာ ကလေးတွေ လူငယ်တွေရဲ့ လူသား အရင်း အမြတ် ဖွံ့ဖြိုး တိုးတက်မှုမှ အဓိက ကျသလို လူဘောင် အဖွဲ့ အစည်းမှာလည်း အနန္တော အနန္တငါးပါးမှာ ပါဝင်တဲ့ အတွက် ဆရာများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရပြီးတော့ မြတ်ဆရာပူဇော်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment