Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာ၌ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ ၂၄


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ၊ ပဒေသာကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က သင်တန်းများ ပို့ချဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှား ကာကွယ်နှိပ်နင်းခြင်းနည်းပညာ၊ မြေဆီလွှာထိန်းသိမ်းခြင်းနည်းပညာနှင့် နေကြာဆီထွက်သီးနှံအထွက်တိုးနည်းပညာတို့အား စနစ်တကျသင်ကြားပို့ချပေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့  ပဒေသာကျေးရွာအုပ်စုမှ တောင်သူ ၅၇ ဦးတက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းတို့က တောင်သူများ၏ သိရှိလို သည်များကို အသေးစိတ်ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - နီထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment