Pages

Pages

သရက်ချောင်းမြို့နယ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲဆောင်ရွက်



MNP - အောက်တိုဘာ  ၃၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်ကွင်းအမှတ် (၃၇၅) ဦးပိုင်အမှတ်(၂၃) တောင်သူဦးအောင်ဝင်း၏ ဆင်းသုခ(Seeder)စံပြမိုးစပါးစိုက်ခင်း (၂)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။


အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ သရက်ချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခတစ်ဧကလျှင် အစို(၁၀၆.၇)တင်းနှုန်းနှင့် အခြောက်တင်းအနေဖြင့် (၉၆)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment