သရက်မြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟို အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟို အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေဆုချီးမြှင့်

 



MNP - အောက်တိုဘာ  ၂၁


မကွေးတိုင်းဒေသကြီးသရက်မြို့၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ခရိုင်နှင့်မြို့နယ်အတွက် ဂုဏ်ကိုဆောင်ရွက်ပေးသည့် အနုပညာရှင်များအား ဂုဏ်ယူဝမ်းသာမိပါကြောင်းနှင့် နောက်လာမည့်နှစ်များတွင် ကျင်းပမည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ယခုထက်ပိုမိုသည့် ဆုတံဆိပ်များ ပိုမိုဆွတ်ခူးနိုင်ပြီး ခရိုင်ဂုဏ်ဆောင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖြစ်သည့် ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် အနုသုခပညာရပ်များကို မပျောက်ပျက်အောင် အစဉ်ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။


မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေကျပ် (၃)သိန်းအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုချီမြှင့်သည့် ငွေကျပ် ဆုငွေ (၃)သိန်းအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက ချီးမြှင့်ရာ အုပ်ချုပ်သူနှင့် ဆုရရှိသူများက လက်ခံပေးခဲ့ကြောင်း သိရသည်။ 


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)