မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းလုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်းသို့ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအတွက် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းလုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်းသို့ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအတွက် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်



MNP - အောက်တိုဘာ   ၇


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ပညာရေးဒီကရီကောလိပ်တွင် တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် စိတ်အေးချမ်းသာစွာ သင်တန်း တက်ရောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် အောက်တိုဘာလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းက မော်လမြိုင် ပညာရေးဒီကရီကောလိပ်၌ လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်းနှင့် လုပ်ငန်းခွင် အကြိုမူလတန်း ဆရာ အတတ်သင် ဒီပလိုမာသင်တန်းသို့ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူ (၄၀၄) ဦးအတွက် ကြက်ဥ အလုံး (၂၀၀၀) ၊ ငါးခြောက် ပိဿာ (၁၀၀)၊ အဟာရဖြည့်စွက်စာများနှင့် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မျိုးဆက်သစ်များရဲ့ ပညာရည် အရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေး ကဏ္ဍဟာ များစွာအရေးပါလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်နေသူများ အနေဖြင့်  ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအညီ နေထိုင်ကြရန် လိုအပ်သလို ကျန်မာရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်‌နေစဉ် ကာလအတွင်း ဆရာအတတ်ပညာများကို လေ့လာဆည်းပူးပြီး အနာဂတ် လူငယ်၊ လူရွယ်များကိုပညာတတ်မြောက်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များကိုလည်း ဖြည်းဆည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ သင်တန်းသူ၊ သင်တန်းသားများအတွက် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မော်လမြိုင် ပညာရေးဒီကရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)