Pages

Pages

ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ






MNP ၊ အောက်တိုဘာ  ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကမ္ဘာ့သာသနာပြုအဓိဌာန်ဆရာတော်ကြီးမှငါးပါးသီလခံယူဆောက်တည်ပြီး မတည်အလှူရှင် ဦးထွန်းအောင်ခိုင်နှင့်ဇနီးဒေါ်မထွေးတင် မိသားစုတို့က ကထိန်မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်း၍  တက်ရောက်လာကြသည့်လှူရှင်များက အရန်သင်္ကန်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဓညဝတီဆရာတော်ကြီးထံမှ ကထိန်အကြောင်း သိကောင်းစရာ တရားတော်ကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ကြသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ပေါက်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်း (၂၅)  ကျောင်းသို့ သွားရောက်ပို့ဆောင် လှူဒါန်းခြင်းဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment