Pages

Pages

ဟားခါးခရိုင် စုပေါင်းရုံးကို အကြမ်းဖက်သမားများက မီးပုလင်းဖြင့် ပစ်ပေါက် တိုက်ခိုက်သဖြင့် မီးလောင်မှုဖြစ်



MNP ၊ အောက်တိုဘာ ၁၆

ချင်းပြည်နယ်၊ ဟားခါးခရိုင် စုပေါင်းရုံးကို အကြမ်းဖက်သမားများ ယနေ့နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ၁၈-၁၀-၂၀၂၂ ရက်နေ့ နံနက် ၂နာရီခွဲခန့်တွင် ဟားခါးမြို့ စုပေါင်းရုံးအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးခန်းနှင့် မြို့နယ်စည်ပင်ရုံးခန်းများကို မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းများဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမားများဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment