Pages

Pages

ဘီးလင်းမြို့နယ် တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 



MNP ၊ အောက်တိုဘာ  ၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်း မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်အတွင်းရှိ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ၊ ဦးနှောက်အမြှေး ရောင် ၊ (၅)မျိုးစပ် ကာကွယ်ဆေး ၊ ပိုလီယိုအကြောသေ ၊ ဝက်သက် ၊ ဂျိုက်သိုးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အေးမျိုးမျိုးစံ 

https://t.me/MyanmarNationalPost

No comments:

Post a Comment