Pages

Pages

အမာမြို့၌ အခြေခံအိမ်ထောင်စုများအတွက် ဇီယာရှယ်ဆန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေး



MNP - အောက်တိုဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌  ဒေသခံစေတနာရှင်၊ အလှူရှင်များ၏ ကူညီ‌ထောက်ပံ့မှုဖြင့် မြို့‌ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်ဖြစ်သည့် ဇီယာရှယ်ဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်(၇)နာရီ အချိန်က စတင်ရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါ ဇီယာရှယ်ဆန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စု (၁)စုလျှင် (၁)ပြည် (၁၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၉၀၂)စုကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထိုကဲ့သို့ ရောင်းချပေးနေမှုကို အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ တန်ဖိုးရှိသောတွဲလက်များ ပရဟိတအဖွဲ့ဝင်များ၊  တာဝန်ရှိသူများက ပြည်သူများ အလွယ်တကူနှင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


သတင်း - နော်လေးလီယန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment