Pages

Pages

ငပုတောမြို့ အာဇာနည်ပန်းခြံဝန်းအတွင်းရှိ ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုနှင့် အားကစားပစ္စည်းများ တပ်ဆင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

 





MNP - အောက်တိုဘာ  ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ပန်းခြံဝန်းအတွင်း ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်  ဆောင်ရွက်ပြီးစီးမှုနှင့် ပန်းခြံအတွင်းအာကစားပစ္စည်းများ တပ်ဆင်ဆောက်ရွက်နေမှုအားယမန့်နေ့နေ့လယ်(၂)နာရီ အချိန်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်သူနှင့် အဖွဲ့ဝင် (၂) ဦးသန်းဦးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အမှုူဆောင်အရာရှိ ဦးမောင်မောင်နိုင်က ငပုတောမြို့ရှိ အာဇာနည်ပန်းခြံဝန်းအတွင်း အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရေးအတွက် ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုရန်ပုံငွေ  (၄.၈၆ ) သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း  အဆိုပါလမ်းမှာ အရှည် ၄၃၉ ပေ ၊ အကျယ်  ၆ ပေ၊ အမြင့် ၆  လက်မ ရှိပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အားကစားပစ္စည်းများတပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပန်းခြံဝန်းအတွင်း လှည့်လည်ကြည့်ရှုကြပြီးနောက်  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် လုပ်ငန်းလိုအပ်သည်များကို  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment