MNP - အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် အခြေခံအိမ်ထောင်စုများ၊ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ဆိပ်ဖြူမြို့ ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်း၌ ရောင်းချပေးသည်။
အဆိုပါလုပ်ငန်းကို ဒေသခံပြည်သူများ၊ အခြေခံအိမ်ထောင်စုများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်မှုများ အဆင်ပြေနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပခုက္ကူတပ်နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ အသား၊ ငါးများနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇွဲ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment