ကူညီ ပံ့ပိုးနိုင်ပါသည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကူညီ ပံ့ပိုးနိုင်ပါသည်


မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီသည် တိုင်းရင်းသားပြည်သူများ သတင်းမှန်များ သိရှိစေရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန် ရည်ရွယ်၍ အမျိုးသားရေးမီဒီယာအဖြစ် ရပ်တည်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

သတင်းမီဒီယာများ ရပ်တည်နိုင်ရန် ဝင်ငွေရှိဖို့လည်း လိုအပ်ပါသည်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် သတင်းများ ရေးသားဖြန့်ဝေနေသော သတင်းမီဒီယာများကို ပြည်တွင်းပြည်ပ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပံ့ပိုးကူညီကြပါသည်။ ထိုသို့သော အထောက်အပံ့များ ရှိနေခြင်းကြောင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဆူပူအကြမ်းဖက် လှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

သတင်းမီဒီယာများ အတွက် ဝင်ငွေဟူသည် သတင်းဖတ်ရှုသူများ သတင်းစာ၊ ဂျာနယ်များဝယ်ယူဖတ်ရှုအားပေးခြင်း၊ ကြော်ငြာများ ထည့်သွင်းဖော်ပြခြင်းမှသာ ရစရာ အကြောင်းရှိပါသည်။

ယနေ့အချိန်အခါသည် အင်တာနက်ခေတ် ဖြစ်လာသည်နှင့် အမျှ သတင်းစီးဆင်းမှု မြန်ဆန်ရန်လိုအပ်လာပြီး သတင်းဌာနများအတွက် ဝင်ငွေရရှိနိုင်မှုနည်းလမ်းမှာလည်း နည်းပါးလာခဲ့ပါသည်။ ပြည်ပသတင်းဌာနများတွင် သတင်းဖတ်ရှုသူများထံ မှ သတင်းဖတ်ခ တောင်းခံသည့် အလေ့အကျင့် ရှိပါသည်။

ယနေ့ဖြစ်ပေါ်နေသော အခြေအနေအရ သတင်းမှန်များကို အလကားဖတ်ရှုရသည်ကိုပင် ပြည်သူများက အလေးထားဖတ်ရှုခြင်း ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တို့၏ လှုံ့ဆော်မှုနောက်ကိုသာ အစဉ်တစိုက် လိုက်ပါ၍ မိမိတို့ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့စေရန် မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေကြသည့် ကာလဖြစ်ပါသည်။

ကျွန်ုပ်တို့ မြန်မာနေရှင်နယ်ပို့စ်အနေဖြင့် အများပြည်သူများ သတင်းမှန်များ ပိုမိုပျံ့နှံ့၍ ပြည်သူအများ ဆင်ခြင်သုံးသပ်နိုင်ရေးကိုသာ အလေးထားပါသည်။ လုပ်ကြံသတင်းများ ရေးသားဖန်တီး ဖော်ပြ၍ ပြည်သူများအကျိုးမဲ့ ဖြစ်စေမည့် လုပ်ရပ်မျိုးကိုလည်း လုံးဝ လုပ်ဆောင်မည်မဟုတ်ပါ။ သတင်းဖတ်ခ တောင်းခံသည့် အလေ့အကျင့် မြန်မာပြည်တွင် မထွန်းကားသေးပါ။ လူမှုစီးပွားဘဝ နိမ့်ကျနေသည့် အချိန်အခါတွင် ပြည်သူများအနေဖြင့်လည်း မိမိတို့ စားဝတ်နေရေးအတွက်သာ အလေးထား လုံးပမ်းနေကြရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ မြန်မာနေရှင်နယ်ပို့စ် အနေဖြင့် အများပြည်သူ သတင်းမှန်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အများပြည်သူထံမှ သတင်းဖတ်ရှုခအဖြစ် တောင်းခံမည်လည်း မဟုတ်ပါ။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဆူပူအကြမ်းဖက် လှုံ့ဆော်မှုများကို အစဉ်တစိုက် ဆန့်ကျင့်သွားမည်ဖြစ်ပါသည်။ အများပြည်သူကြားတွင် သတင်းမှန်များ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေး မြန်မာနေရှင်နယ်ပို့စ်မှ သတင်းသမားများ ရေရှည် အလုပ် လုပ်နိုင်စေရန် ကူညီပံ့ပိုးနိုင်သူများ၏ ကူညီမှုများကို လက်ခံသွားမည်ဖြစ်ပါသည်။ မြန်မာနေရှင်နယ်ပို့စ် ရေရှည် ရပ်တည်နိုင်ရေးအတွက် ကူညီပံ့ပိုးနိုင်သူများအနေဖြင့်လည်း အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။


(ကူညီ ပံ့ပိုးလိုသူများအနေဖြင့် Kpay - 09790975969, Wave pay - 09692366274)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)