Pages

Pages

ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် အသင့်စား စားသောက်ကုန်များအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြော



MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသင့်စား စားသောက်ကုန်များအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲကိုယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြောင်း  အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဒေါ်မာမာလေးက စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်များကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမည် ဆိုလျှင် လိုက်နာရမည့် အချက်များ၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် အသင့်စား စားသောက်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရာတွင် လိုက်နာရမည့် အချက်များနှင့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် အဆိုပါအချက်များကို သိရှိပြီး  ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါမှ စိတ်ချယုံကြည်စွာ စားသုံးသင့်ကြောင်းကို  စားသုံးသူရေးရာနှင့်ပတ်သက်၍  ရှင်လင်း ဟောပြောခဲ့ပြီး "ကုန်ညွှန်းအမှတ်အသားပြည့်စုံမှ  စိတ်ချယုံကြည် စားသုံးကြ" လက်ကမ်းစာစောင်အား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment