Pages

Pages

လှိုင်းဘွဲမြို့နယ်တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်သင်ကြားပေး

 



MNP - အောက်တိုဘာ   ၁၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျဆောင်ရွက် တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို (၁၂.၁၀.၂၀၂၂)ရက်နေ့မှ (၁၈.၁၀.၂၀၂၂) ရက်နေ့ အထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူနှင့် သင်တန်းနည်းပြများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ သင်တန်းသား /သူ (၂၅)ဦးတို့အား ကြက်ခြေနီအသင်း၏ လုပ်ငန်း‌ဆောင်ရွက်ချက်များ၊ အရေးပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်၊သွေးလန့်ခြင်း၊မူးမေ့သတိလေ့ခြင်း၊ အဆိပ်သင့်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကိုယ်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံသက်ကယ် အထောက်အကူပြုနည်း စသည်တို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း၊ ကျေးရွာ များတွင်လည်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အခြေခံရှေးဦးပြုစုနည်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးထံမှ သိရသည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment